ကျောက်ဆည်မြို့ရှိ အာဏာသိမ်းစစ်တပ်၏ ဆက်သွယ်ရေးတပ်ပိုင် ဆက်သွယ်ရေးကြိုးများ ဖေါက်ခွဲခံရ

ကျောက်ဆည်မြို့ရှိ အာဏာသိမ်းစစ်တပ်၏ ဆက်သွယ်ရေးတပ်ပိုင် ဆက်သွယ်ရေးကြိုးများ ဖေါက်ခွဲခံရ
စက်တင်ဘာ 14, 2021

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ အာဏာသိမ်းစစ်တပ်၏ ဆက်သွယ်ရေးတပ်ပိုင် ဆက်သွယ်ရေးကြိုးများကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ဖေါက်ခွဲဖျက်ဆီးခဲ့ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျောက်ဆည်ခရိုင်အတွင်း ပြည်သူများအနေဖြင့် ထိခိုက်ဒဏ်ရာရမှုမဖြစ်စေရန် ပေါက်ကွဲမှုဖြစ်စဉ်များကို ကြားသိရပါက ချက်ချင်းသွားရောက် မှတ်တမ်းယူခြင်း၊ စူးစမ်းလေ့လာခြင်းများ မပြုလုပ်ကြရန်ကိုလည်း ဒေသကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူလူထုကို လက်နက်အင်အားသုံး အကြမ်းဖက်နှိမ်နှင်းနေမှုကြောင့် ပြည်သူများအနေဖြင့် အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် (People’s Defensive War) ကို ဆင်နွှဲနေကြပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ကြေညာလိုက်ပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့များက အာဏာသိမ်းအဖွဲ့၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်နှင့် စီးပွားရေးပစ်မှတ်များကို ခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်။