ကရင်ပြည်နယ်အတွင်း မြဝတီ - ကော့ကရိတ် အာရှလမ်း နတ်စင်ကွေ့တွင် မြဝတီဘက်က လာသည့် ကုန်တင်မှန်လုံယာဉ်ငယ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျသွားရာမှ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
မြဝတီမြို့မှ ဆင်လားသည့် အဆိုပါယာဉ်သည် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ယင်းသို့ ဖြစ်ပွားခြင်းဖြစ်၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က သွားရောက်ကူညီပြီး အရေးပေါ်ယာဉ်ဖြင့် ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ယာဉ်မောင်းမှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း လက်မောင်းထိသွားကြောင်း နှင့် မြဝတီ - ကော့ကရိတ် အာရှလမ်းတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းလည်း သိရသည်။