အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၀) သန်းကို ပျမ်းမျှငွေလဲနှုန်း (၁,၆၆၀) ကျပ်ဖြင့် ဈေးပြိုင်လေလံ ရောင်းချသည်။
ယနေ့ရောင်းချမှုမှာ ဩဂုတ်လအတွင်း (၆) ကြိမ်မြောက် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဈေးပြိုင်လေလံ ရောင်းချမှုဖြစ်သည်။
ဗဟိုဘဏ်သည် ဩဂုတ်လ (၁၂)ရက်နေ့က အမေရိကန်ဒေါ်လာ (၂) သန်းခွဲကို ပျမ်းမျှငွေလဲနှုန်း (၁၆၅၀) ကျပ်ဖြင့် လည်းကောင်း၊ ဩဂုတ်လ (၉)ရက်နေ့က အမေရိကန်ဒေါ်လာ (၂) သန်းခွဲကို ပျမ်းမျှငွေလဲနှုန်း (၁၆၄၆) ကျပ်ဖြင့် လည်းကောင်း၊ ဩဂုတ်လ (၄) ရက်နေ့က အမေရိကန်ဒေါ်လာ (၃) သန်းကို ပျမ်းမျှငွေလဲနှုန်း (၁၆၄၇) ကျပ်ဖြင့် လည်းကောင်း၊ ဩဂုတ်လ (၃) ရက်နေ့က အမေရိကန်ဒေါ်လာ (၂) သန်းကို ပျမ်းမျှငွေလဲနှုန်း (၁၆၅၀) ကျပ်ဖြင့် လည်းကောင်း၊ ဩဂုတ်လ (၂) ရက်နေ့က အမေရိကန်ဒေါ်လာ (၃) သန်းကို ပျမ်းမျှငွေလဲနှုန်း (၁၆၄၇) ကျပ်ဖြင့်လည်းကောင်း ရောင်းချထားခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် ဗဟိုဘဏ်က ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၆.၈) သန်းကို ပျမ်းမျှငွေလဲနှုန်း (၁၃၈၂.၆) ကျပ်ဖြင့် ဈေးပြိုင်လေလံရောင်းချထားသည်ကို တွေ့ရသည်။