ခွေးသေပုပ်ရွာအနီး KNU နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ (၂၀)ကျော် ဒဏ်ရာရ

ခွေးသေပုပ်ရွာအနီး KNU နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ (၂၀)ကျော် ဒဏ်ရာရ
သြဂုတ် 22, 2021 | နိုင်ငံရေး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် တောင်သုံးလုံးနှင့် ခွေးသေပုပ်ရွာများအနီးရှိ ၂၁ ကုန်းနေရာတွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့က KNU/KNLA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂၀) ကျော် ဒဏ်ရာရသွားသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ဒဏ်ရာရသူများအား ပြန်လည်ပို့ဆောင်စဉ် အဆိုပါနေရာအရောက်၌ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါလမ်းကြောင်းအတိုင်း မာထောကျေးရွာအောက်ဖက်ရှိ ခွေးသေပုပ်ကျေးရွာအနီးတွင်လည်း ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု Salween Press က ဒေသခံသတင်းရင်းမြစ်ကို ကိုးကား၍ သတင်းဖေါ်ပြထားသည်။

အာဏာသိမ်းစစ်တပ်က KNU/KNLA တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်၊ ဒူးသထူခရိုင် တပ်မဟာ (၁) ၊ တောင်ငူခရိုင် တပ်မဟာ( ၂) နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) တို့တွင်လည်း စစ်ရေးလှုပ်ရှားမှု တိုးလာနေသည်ဟု သိရသည်။

#TachileikNewsAgency