ကရင့်ခေါင်းဆောင် စောဘဦးကြီး၏ မွေးရပ်ဇာတိ ဘဲဂရက်တွင် (၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့ မကျင်းပရန် အာဏာသိမ်းအဖွဲ့က တားမြစ်

ကရင့်ခေါင်းဆောင် စောဘဦးကြီး၏ မွေးရပ်ဇာတိ ဘဲဂရက်တွင် (၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့ မကျင်းပရန် အာဏာသိမ်းအဖွဲ့က တားမြစ်
သြဂုတ် 12, 2021

 ကရင့်ခေါင်းဆောင် ကော်ခိုစောဘဦးကြီး၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဘဲဂရက်ကျေးရွာတွင် (၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့ကျင်းပခြင်းကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က တားမြစ်မှုပြုလုပ်သည်ဟု သိရသည်။

(၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့ ဖြစ်သည့်  ယနေ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဘဲဂရက်ကျေးရွာမှ ပြည်သူများက လွမ်းသူ့ပန်းခွေချခြင်း ၊ ကရင်အာဇာနည်များအား ဂါရဝပြုခြင်း၊ အလေးပြုခြင်းများ မပြုလုပ်ရန် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဘဲဂရက်ရွာအဝင်တွင် နံနက် (၅)နာရီကတည်းက လမ်းပိတ်၍တားမြစ်နေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

ဓါတ်ပုံ - ဧရာဝတီကရင်လူငယ်များ