အာဏာသိမ်းစစ်ကောင်စီက ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားများ ပြင်ဆင်ခိုင်းထား

အာဏာသိမ်းစစ်ကောင်စီက ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားများ ပြင်ဆင်ခိုင်းထား
ဇူလိုင် 9, 2021

အာဏာသိမ်းစစ်ကောင်စီက ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခိုင်းထား၍ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့ ည (၁၂)နာရီမတိုင်မီအချိန်အထိသာ လက်ရှိ ပရိုမိုးရှင်းပက်ကေ့ချ်ဈေးနှုန်းများရမည်ဖြစ်ကြောင်း တယ်လီနောနှင့် အော်ရီဒူးတို့က အသိပေးထားသည်ကို တွေ့ရသည်။

ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲရမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွန်ကြားထား၍ အများပြည်သူ အဆင်မပြေဖြစ်ရမှုများအတွက် စိတ်မကောင်းဖြစ်ရကြောင်းကိုလည်း တယ်လီနောမြန်မာ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ လူ့အခွင့်အရေးချိုးဖေါက်မှုမျဖြစ်သည့် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခြင်း၊ အများပြည်သူ၏ပုဂ္ဂလိကလုံခြုံရေးကို ချိုးဖေါက်နှောင့်ယှက်ခြင်းများကို လုပ်ဆောင်ရန် ဆက်သွယ်ရေးကုမ္ပဏီများအား အတင်းအကြပ်ဖိအားပေးစေခိုင်းခြင်းများ လုပ်ဆောင်လာရာ နော်ဝေဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် တယ်လီနောက တယ်လီနော(မြန်မာ)ကို M1 လုပ်ငန်းစုသို့ ရောင်းလိုက်သည်ဟု ဇူလိုင်လ (၈) ရက်နေ့က သတင်းထုတ်ထားသည်။

 စစ်တပ်နှင့်ဆက်နွှယ်သည့်  mytel ကုမ္ပဏီနှင့် MPT တို့က ဝန်ဆောင်ခနှင့်ပတ်သက်၍ သတင်းထုတ်ပြန်လာသည်ကို မတွေ့ရသေးပါ။

#TachileikNewsAgency