တာမွေပေါက်ကွဲမှုအတွင်း ဒဏ်ရာရသွားသည့် အာဏာသိမ်းအဖွဲ့မှ (၆)ဦးနှင့် ပြည်သူ (၁) ဦးကို စစ်ဆေးရုံ ၂ ခုသို့ ပို့ထား

တာမွေပေါက်ကွဲမှုအတွင်း ဒဏ်ရာရသွားသည့် အာဏာသိမ်းအဖွဲ့မှ (၆)ဦးနှင့် ပြည်သူ (၁) ဦးကို စစ်ဆေးရုံ ၂ ခုသို့ ပို့ထား
ဇွန် 18, 2021

ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း ကြံ့ခိုင်ရေးရုံးကိုစောင့်ပေးနေသည့် စစ်ကားပေါက်ကွဲမှုတွင် ဒဏ်ရာရသွားသည့် အာဏာသိမ်းအဖွဲ့မှ (၆) ဦးကို အမှတ် (၂) စစ်ဆေးရုံကုတင် (၅၀၀) သို့ ပို့ထားပြီး တက္ကစီပေါက်ကွဲမှုမှ ဒဏ်ရာရ ပြည်သူ (၁) ဦးကို အမှတ် (၁) စစ်ဆေးရုံသို့ ပို့ထားသည်ဟု သိရသည်။ 

တာမွေမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇွန်လ (၁၈) ရက်နေ့ နေ့လယ်ပိုင်းက ဗညားဒလလမ်းနှင့် ၁၄၆ လမ်းထိပ်ရှိ ကြံ့ခိုင်ရေးရုံးရှေ့တွင် အာဏာသိမ်းအဖွဲ့၏ စစ်ကားပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားရာ ရဲဒုတပ်ကြပ် (၁) ဦးသေကာ ရဲ (၂) ဦး ဒဏ်ရာသွားပြီး အာဏာသိမ်းစစ်တပ်မှ ဒဏ်ရာရသွားသူ (၄) ဦးအနက် (၃) ဦးမှာ အခြေအနေဆိုးကြောင်း သိရသည်။

အဆိုပါ နေရာအနီး တက္ကစီတစ်စီးတွင်လည်း ပေါက်ကွဲမှုဖြစ်ရာ ယာဉ်ပေါ်ပါလာသူ (၁) ဦး သေဆုံးသွားကာ (၁) ဦးမှာ ဒဏ်ရာရသွားသဖြင့် အမှတ် (၁) စစ်ဆေးရုံသို့ ပို့ထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ