ရှမ်းပြည်လူထုတို့၏ လွတ်မြောက်ရေးကို ရရှိရန် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနှင့်ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်ကို ယုံကြည်သော ရှမ်းလူငယ်များက "ပြည်သူ့ဒီမိုကရေစီဝါဒီ တိုးတက်သော ရှမ်းလူငယ်များ အစည်းအရုံး" Shan Leftist Youth Organization for People's Democracy(SLYOPD) အား ၂၀၂၁ခုနှစ် ဇွန်လ(၁၇)ရက်နေ့တွင် ဖွဲ့စည်းကြောင်း ကြေညာထားရှိသည်။
စနစ်ဆိုး၏ အဓိက ဒေါက်တိုင်(၃)ခုဖြစ်သည့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် နှင့် စစ်အစိုးရ ဟူသည့် စစ်(၃)စစ်ကို အမြစ်ပြတ်ချေမှုန်းရန် တိုက်ပွဲဆင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားရှိသည်။