ကနီမြို့နယ် ဆယ်ရွာချောင်ဒေသကို စစ်ကောင်စီတပ်များရောက်ရှိပြီး ဒေသခံ (၃) ဦးကို ဖမ်းဆီးထားသည့်အတွက် ကျန်ရှိ ဒေသခံများ  မိုးရေထဲတွင် ထွက်ပြေးနေရ

ကနီမြို့နယ် ဆယ်ရွာချောင်ဒေသကို စစ်ကောင်စီတပ်များရောက်ရှိပြီး ဒေသခံ (၃) ဦးကို ဖမ်းဆီးထားသည့်အတွက် ကျန်ရှိ ဒေသခံများ  မိုးရေထဲတွင် ထွက်ပြေးနေရ
ဇွန် 10, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကနီမြို့နယ် ဆယ်ရွာချောင်ဒေသကို ၂၀၂၁ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒေသခံ (၃) ဦးကို ဖမ်းဆီးထားသည့်အတွက် ကျန်ရှိသည့် ဒေသခံအများစုမှာ မိုးရွာသွန်းနေသည့်ကြားကနေ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကနီမြို့နယ် ယာကြီးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှာ မုံရွာ-ကလေးဝလမ်းပိုင်းရှိ ဆယ်ရွာချောင်ဒေသသို့ ရောက်ရှိလာသဖြင့် ဒေသခံများမှာ မိုးရွာသွန်းနေပြီး ချောင်းရေကြီးနေချိန်တွင် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

ကနီမြို့နယ်၊ ဆယ်ချောင်ဒေသမှာ ပြီးခဲ့သည့် ဧပြီလ (၁၆၊ ၁၇) ရက်များတွင် ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများပြားခဲ့သည့် ဒေသဖြစ်သည်။

#TachileikNewsAgency

Photo: Blick