ထိုင်းဘက်ခြမ်းရှိ မြန်မာ ယာယီစစ်ရှောင်စခန်းပေါ်သို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိုင်းစစ်သား (၁)ဦး နှင့် မြန်မာစစ်ဘေးရှောင် (၁)ဦး ဒဏ်ရာရ

ထိုင်းဘက်ခြမ်းရှိ မြန်မာ ယာယီစစ်ရှောင်စခန်းပေါ်သို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိုင်းစစ်သား (၁)ဦး နှင့် မြန်မာစစ်ဘေးရှောင် (၁)ဦး ဒဏ်ရာရ
ဇွန် 2, 2021

ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ရှောင်စခန်းအတွင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်အချိန်တွင်  မြန်မာအာဏာသိမ်းစစ်တပ်ဘက်က ပစ်လိုက်သော လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် စစ်ဘေးရှောင်များကို စောင့်ရှောက်နေသည့် ထိုင်းစစ်သား (၁) ဦးနှင့် စစ်ဘေးရှောင်မြန်မာ (၂) ဦးတို့ ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

မြဝတီမြို့တောင်ဘက်ရှိ ဖလူးကြီး၊ ဖလူးလေးနှင့် မင်းလက်ပံကျေးရွာ သုံးထပ်ကွ့အနီးတဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဗိုလ်ကျော်သက် DKBA ခွဲထွက်အဖွဲ့နှင့် PDF လူငယ်အဖွဲ့တို့က ခုခံတိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းတပ်ဘက်က လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ထိုင်းဘက်ခြမ်းရှိ မြန်မာစစ်ဘေးရှောင်စခန်းပေါ်သို့ ကျရောက်ပေါက်ကွဲသွားရာ စစ်ဘေးရှောင်များကို ကူညီနေသည့် ထိုင်းစစ်သား (၁) ဦးနှင့် မြန်မာစစ်ဘေးရှောင် (၂) ဦးတို့ ထိခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှ တိုက်ပွဲများကြောင့် သောင်ရင်းမြစ်ကိုဖြတ်၍ စစ်ဘေးရှောင်လာသူများကို ထိုင်းစစ်သားများက မြစ်ကမ်းအထိ ကားများဖြင့် လာကြိုပေးကာ ထိုင်းလူမျိုးတစ်ဦီးပိုင်သည့် ခြံဝန်းအတွင်း ယာယီစစ်ဘေးရှောင်စခန်းပြုလုပ်ပေးထားကြောင်း စစ်‌ေဘးရှောင်များအား ရိက္ခာနှင့်ထောက်ပံ့ရေး ဆက်သွယ်ညှိနိူင်းရေးတာဝန်ခံ ဦးရဲမင်းထံမှ သိရသည်။

စစ်ဘေးရှောင်များအတွက် သောက်သုံးရေရရှိရေးကိုလည်း မဲဆောက်ဘက်မှ ထိုင်းအာဏာပိုင်များက ကူညီပေးနေကြောင်း သိရသည်။



Photo: Ye Min (FB)