တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယနေ့ မေလ(၁၈)ရက်နေ့၏ ဓါတ်ခွဲစစ်ဆေးအဖြေအရ Covid-19 အတည်ပြုလူနာ (၇)ဦး ထပ်တိုးကြောင်း မယ်ဆိုင်ကျန်းမာရေးက သတင်းထုတ်ပြန်ထားသည်။
အတည်ပြုလူနာ စုစုပေါင်း (၁၉၀)ဦးအထိရှိနေရာတွင် သက်သာပျောက်ကင်းသူမှာ (၁၄၉)ဦးရှိပြီး လက်ရှိ ကုသမှု ခံယူနေသူမှာ (၃၉)ဦးရှိကာ သေဆုံးသူ (၂)ဦးရှိသည်။
မယ်ဆိုင်မြို့တွင် မေလ(၁၀)ရက်နေ့က Covid-19 အတည်ပြုလူနာ (၆)ဦးတိုးပြီး၊ မေလ(၁၁)ရက်နေ့တွင် (၉)ဦးတိုးကာ မေလ(၁၂)ရက်နေ့တွင် (၂)ဦး၊ မေလ(၁၃)ရက်နေ့တွင် (၅)ဦး၊ မေလ(၁၄)ရက်နေ့တွင် (၁)ဦး၊ မေလ(၁၇)ရက်နေ့တွင် (၂)ဦး နှင့် ယနေ့ မေလ(၁၈)ရက်နေ့တွင် (၇)ဦးတိုး၍ (၉)ရက်အတွင်း ကူးစက်ခံရသူ (၃၂)ဦးရှိသည်။
ထိုင်းတစ်နိုင်ငံလုံးအနေဖြင့် ယနေ့ ၂၀၂၁ခုနှစ် မေလ(၁၈)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၂,၄၇၃)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၃၅)ဦး ထပ်တိုးကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း၌ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁၁၃,၅၅၅)ဦးရှိနေပြီး စုစုပေါင်း သေဆုံးသူမှာလည်း (၆၄၉)ဦးအထိ ရှိနေသည်။
#TachileikNewsAgency