ဘဏ်များ နှင့် ATM စက်များမှ ငွေသား ထုတ်/သွင်း သူများ၏ စာရင်းများကို လျှို့ဝှက်အဆင့် သတ်မှတ်ပေးပြီး ပေးပို့ရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမိန့်ပေး ညွှန်ကြား

ဘဏ်များ နှင့် ATM စက်များမှ ငွေသား ထုတ်/သွင်း သူများ၏ စာရင်းများကို လျှို့ဝှက်အဆင့် သတ်မှတ်ပေးပြီး ပေးပို့ရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမိန့်ပေး ညွှန်ကြား
မေ 12, 2021

ဘဏ်များ နှင့် ATM စက်များမှ ငွေသားထုတ်ယူမှု နှင့် ငွေသားပေးသွင်းမှု စာရင်းများအား လျှို့ဝှက်အဆင့် သတ်မှတ်ပေးပြီး ၂၀၂၁ခုနှစ် မေလ(၁၄)ရက်နေ့အရောက် ပေးပို့ရန် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ ဗဟိုဘဏ်က မေလ(၁၁)ရက်နေ့ ရက်စွဲဖြင့် အမိန့်ပေး ညွှန်ကြားထားကြောင်း သိရသည်။

ဘဏ်ခွဲများနှင့် ATM စက်များတွင် လူတစ်ဦးချင်းစီ၊ ကုမ္ပဏီများ၊ အဖွဲ့စည်းများအနေဖြင့် ငွေသားပေးသွင်းခြင်း၊ ငွေသားထုတ်ယူခြင်းများနှင့် ပတ်သက်၍ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ မေလ(၇)ရက်နေ့အထိ စာရင်းများကို မေလ(၁၄)ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်ကြောင်း အကြောင်းကြားထားခြင်းဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များတွင် ငွေထုတ်ယူမှုများကိုပါ ထိန်းချုပ်လိုက်ပြီးနောက် ယခုအခါမှာ ငွေသားထုတ်ယူသူများ၏ စာရင်းတောင်းခံခြင်းကိုပါ လုပ်ဆောင်လာသည်။