မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဗုံးဖြင့် ပစ်ပေါက် ခွဲ

  မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဗုံးဖြင့် ပစ်ပေါက် ခွဲ
ဧပြီ 26, 2021

 မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်ခြံအတွင်း ဗုံးနှင့်ပစ်ပေါက်ခွဲခံရမှု ယနေ့ ဧပြီလ(၂၆)ရက်နေ့ နံနက်(၅း၂၀)နာရီဝန်းကျင်က ဖြစ်ပွားကြောင်း သိရသည်။

 

  အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစည်လှိုင်၏ နေအိမ်ခြံအတွင်း ဆိုင်ကယ်တစ်စီးနှင့် အမည်မသိလူ(၂)ဦးမှ ဗုံးနှင့် ပစ်ပေါက်သွားခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် ကားမှာ အနည်းငယ်ပျက်စီးသွားကြောင်း သိရသည်။

  ဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတို့မှ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Photo: ဘီဝမ်း