လာအိုနိုင်ငံတွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၂၈)ဦးထပ်တိုးတွေ့

လာအိုနိုင်ငံတွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၂၈)ဦးထပ်တိုးတွေ့

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် လာအိုနိုင်ငံတွင် COVID 19 ကူးစက်ခံရသူ (၂၈) ဦးထပ်တိုးကြောင်း ၂၀၂၁ ခုနှစ် ဧပြီလ (၂၁) ရက်နေ့ သတင်းစာရှင်းလင်းပွဲဖြင့် သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် ဧပြီလအတွင်း COVID 19 တတိယလှိုင်းဖြစ်ပွားနေပြီး ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့် လာအိုနိုင်ငံသားများတွင် COVID 19 ကူးစက်လာသည်ကို တွေ့လာရခြင်းဖြစ်ပြီး ယနေ့တွင် အများဆုံး တွေ့ရခြင်းဖြစ်သည်။

နိုင်ငံတွင်း COVID 19 ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း ထိုင်းနိုင်ငံဘက်မှ ခိုးဝင်လာခြင်းများလည်း ရှိနေသဖြင့် မဲခေါင်မြစ်ကြောင်းအပါအဝင် နယ်စပ်မှ ခိုးဝင်မှုများအား တင်းကြပ်စွာစောင့်ကြည့်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

လာအိုနိုင်ငံတွင်း ဝင်လာသူများအနေဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်မှုအောက်တွင် နေထိုင်ရမည်ဖြစ်သည်။