တရုတ်နိုင်ငံ၏ e- commerce လုပ်ငန်းကြီးဖြစ်သည့် အလီဘာဘာကို စီးပွားရေးလက်ဝါးကြီးအုပ်မှုဖြင့် တရုတ်ယွမ် ၁၈.၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၂.၇၈ ဘီလျံ) ဒဏ်ကြေးချမှတ်လိုက်သည်။
တရုတ် e-commerce ဦးဆောင်လုပ်ငန်းကြီးဖြစ်သည့် အလီဘာဘာအား စားသုံးသူများ၏ အချက်အလက်များနှင့် အလေ့အထများအား ဈေးကွက်ယှဉ်ပြိုင်ရာတွင် အလွဲသုံးခြင်းအတွက်ဟု ဆိုသည်။
အလီဘာဘာအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာကတည်းက စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ဒဏ်ကြေးအဖြစ် အလီဘာဘာ၏ ၂၀၁၉ ခုနှစ် အရောင်းတန်ဖိုး၏ (၄) ရာခိုင်နှုန်းသတ်မှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ အလီဘာဘာအုပ်စုသည် ၂၀၁၅ ခုနှစ်ကတည်းက ဈေးကွက်လွှမ်းမိုးမှုရှိလာပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု၊ တီထွင်ဖန်တီးမှု၊ စားသုံးသူနှင့် ကုန်သည်များ၏ အကျိုးစီးပွားတို့အပေါ် ထိခိုက်စေသည်ဟု ဆိုသည်။
Source: Bangkok Post