ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာအာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးကို အလည်ဖိတ်ခေါ်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာအာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးကို အလည်ဖိတ်ခေါ်
ဒီဇင်ဘာ 2, 2021 | နိုင်ငံတကာသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာအာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးကို လာမည့်တစ်ပတ်အတွင်း ကမ္ဘောဒီးယားသို့ အလည််အပတ်ဖိတ်ထားသည်ဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် ပြောကြားလိုက်သည်။

လာမည့်လတွင် အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံက စစ်အာဏာသိမ်းထားသည့် အဖွဲ့ဝင်နိုင်ငံတွင်း အခြေအနေတိုးတက်နိုင်ရေးအတွက် သံတမန်ရေးအရ ချဉ်းကပ်ဆောင်ရွက်လိုခြင်းဖြစ်မည်ဟု ယူဆရဖွယ်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြသည်။

ဖိတ်ခေါ်မှုအားလာမည့် တနင်္လာသို့ မဟုတ် အင်္ဂါနေ့ကို မျှော်မှန်းထားသော်လည်း COVID 19 မျိုးကွဲ အေမီခရွန်ပျံ့ပွားကူးစက်မှုကို ထိန်းချုပ်ရန် နိုင်ငံတွင်း ဝင်ထွက်မှုများ ကန့်သတ်မှုကြောင့် အပြောင်းအလဲ  ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါဖိတ်ခေါ်ချက်ကို ဝန်ကြီးချုပ် ဟွန်ဆန်က အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အလှည့်ကျဥက္ကဌဖြစ်လာမည့် ကမ္ဘောဒီးယားက လာမည့် ဇန်နဝါရီလတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအထူးကိုယ်စားလှယ်သစ်တစ်ဦး ခန့်အပ်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည့်ကိစ္စနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်များ သဘောတူဆုံးဖြတ်ထားသည့် အချက် (၅) ချက်ကို  မြန်မာအာဏာသိမ်းအဖွဲ့အနေဖြင့် ဆောင်ရွက်ရန်နှင့် မြန်မာ့အရေးအတွက် အာဆီယံကိုယ်စားလှယ် ခန့်အပ်ရေးအတွက်  ဘရူနိုင်းနိုင်ငံ ဥက္ကဌအဖြစ် တာဝန်ယူစဉ်က ဆုံးဖြတ်ချက်ချထားခဲ့ခြင်းဖြစ်သည်။



Source: Bangkok Post