ဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် မုံရွာခရိုင်ရှေ့နေ့များကွန်ရက်က ဥပဒေအကူအညီများ အခမဲ့ဆောင်ရွက်ပေးနေ

ဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် မုံရွာခရိုင်ရှေ့နေ့များကွန်ရက်က ဥပဒေအကူအညီများ အခမဲ့ဆောင်ရွက်ပေးနေ
မတ် 13, 2021

ဖမ်းဆီးထိန်းသိမ်းခံရမှုများနှင့်ပတ်သက်၍ အကူအညီလိုအပ်သည့် ပြည်သူများအတွက် မုံရွာခရိုင်ရှေ့နေများကွန်ရက်က အခမဲ့ ကူညီ‌ေဆောင်ရွက်ပေးနေကြောင်း သိရသည်။



ထိန်းသိမ်းခံရသူများနှင့် ပတ်သက်၍  မုံရွာခရိုင်ရှေ့နေများကွန်ရက် ဖုန်း 09-794818177 နှင့်  09-794818477 များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြမည်ဖြစ်ပြီး  ဥပဒေနှင့် အညီ ကူညီဆောင်ရွက်မှုများအတွက် မည်သည့်အကြောင်းနှင့်မျှ ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန်မလိုကြောင်း ရှေ့နေများ ကွန်ရက်က ထုတ်ပြန်ထားသည်။



စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့်ကာလအတွင်း စစ်အာဏာရှင်စနစ်လက်မခံသည့် ပြည်သူများအား ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်နေရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၀၉၂) ဦးထိရှိခဲ့ပြီ ဖြစ်ကြောင်း သိရပြီး နေ့စဉ်ဖမ်းဆီးခံရသူစာရင်းမှာ တိုးနေဆဲဖြစ်သည်။