၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့က ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)က ထောက်ခံကြိုဆိုကြောင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည့် အမိန့်အမှတ် ၉/၂၀၂၁ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတိုးသီရိအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မြန်မာနိုင်ငံဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)က ထောက်ခံကြိုဆိုပါကြောင်း ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့အား ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့က ချီးမြှင့်ပေးထားခြင်းလည်း ဖြစ်သည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကို ၁၉၀၆ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency