ကယားပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်ကို တပ်က လုံခြုံရေးတင်းကြပ်ထားဆဲ၊  ဖမ်းထားသူများမှ အချို့ကို လွှတ်ပေး

ကယားပြည်နယ် အစိုးရအဖွဲ့ရုံး
ကယားပြည်နယ် အစိုးရအဖွဲ့ရုံး
ကယားပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်ကို တပ်က လုံခြုံရေးတင်းကြပ်ထားဆဲ၊  ဖမ်းထားသူများမှ အချို့ကို လွှတ်ပေး
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး
By Tachileik News Agency

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ညပိုင်းအထိ တပ်က လုံခြုံရေးတင်းကြပ်ထားဆဲဖြစ်ပြီး ဖမ်းဆီးထားသူများမှ အချို့ကို ပြန်လွှတ်ပေးကြောင်း သိရသည်။

တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် NLD ပါတီ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များအနက်မှ ဘောလခဲမှ (၄) ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း NLD ပါတီဘက်မှ အတည်ပြုပြောကြားသည်။

လွိုင်ကော်မြို့တွင်လည်း ပုံမှန် ညပိုင်းအသွားအလာ စည်ကားသည့်နေရာများမှာ လူအသွားအလာ မရှိသလောက် နည်းသွားကြောင်း သိရသည်။