အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့၌ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်တွင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်သည်။
ကိုဗစ်ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှတစ်ဆင့် Air India လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး Covishield ကို အိမ်နီးချင်း နိုင်ငံများအား ဦးစားပေးအဖြစ် အိန္ဒိယနိုင်ငံက လက်ဆောင်အဖြစ် စတင်ပေးပို့နေခြင်းဖြစ်ပြီး ဝယ်ယူထားသည့် နိုင်ငံများသို့ တင်ပို့ရောင်းချပေးသွားတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံကလည်း အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးကို လူဦးရေ (၁၅) သန်းစာ ဝယ်ယူထားသည်ဟု သိရသည်။
Tachileik News Agency
ဓါတ်ပုံ - Tun Myint