သင်္ကြန်ပွဲကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ကျင်းပသွားမည်ဟု စစ်ကောင်စီက ကြေညာ

 တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေသည့်အတွက် မြန်မာ့ရိုးရာသင်္ကြန်ပွဲကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ကျင်းပသွားမည်ဟု ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ​(၁)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန် ကြေညာလာသည်။

နိုင်ငံအတွင်း လူပေါင်း ထောင်နှင့်ချီ သေဆုံးနေသည့် ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေသည့် ကာလဖြစ်၍ အထူးဒေသ(၄)မိုင်းလား၊ အထူးဒေသ(၁) ကိုးကန့် (MNDAA) နှင့် TNLA တို့က ၎င်းတို့၏ ဒေသများတွင် သင်္ကြန်ပွဲကို မကျင်းပဖြစ်တော့ဘဲ ယခင် စီစဉ်ထားသည်များကို ဖျက်သိမ်းကြောင်း ကြေညာထားသည်။

သို့သော် စစ်ကောင်စီကမှု သင်္ကြန်ပွဲကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ကျင်းပမည်ဟု ယနေ့ ညတွင် ကြေညာလာခြင်း ဖြစ်သည်။