မောင်တောမြို့ရှိ စစ်ကောင်စီတပ်၏ တောင်ပြိုလက်ယာစခန်းကို AA သိမ်း၊ တောင်ပြိုလက်ဝဲစခန်းကို ဆက်လက်တိုက်ခိုက်နေပြီး ‌စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီတပ်၏ တောင်ပြို(လက်ဝဲ-လက်ယာ) စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တောင်ပြို (လက်ယာ)စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ တောင်ပြို(လက်ဝဲ)စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က သတင်းထုတ်ပြန် သည်။

အဆိုပါစခန်း(၂)ခုကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် AAက တိုက်ခိုက်ခဲ့ပြီး ကျန်ရှိနေသေးသည့် တောင်ပြို(လက်ဝဲ)စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည်ဖြစ်ကြောင်း AAက အသိပေးထားသည်။

တောင်ပြို(လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး AAဘက်က ကျဆုံးသူရှိခဲ့သည်ဟု သိရသည်။ 

အဆိုပါစခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆၀)နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်၍ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Video : Mayen Uddin