မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်‌ရေးတပ်က အလစ် တိုက်ခိုက်

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်‌ရေးတပ်က ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့တွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကို အလစ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး ဒေသကာကွယ်‌ရေး ရဲဘော်များ အထိအခိုက်မရှိခဲ့ဟု Golden Eagle Force- Monywa က ယနေ့ ဧပြီလ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Aung San Generation(မုံရွာခရိုင် တပ်ရင်း၁၃)၊ ပုဏ္ဏကပြောက် ကျားတပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Golden Eagle Force-Monywa