ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဒေသခံများ အစုလိုက် အပြုံလိုက် သေဆုံး

 



စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပဇီကြီးကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးခန်းဖွင့်ပွဲ ပြုလုပ်နေချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို ဒေသခံ အများအပြား သေဆုံးခဲ့ရသလို အပြင်းအထန် ဒဏ်ရာရရှိသူလည်း များပြားခဲ့ရပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးသွားရတဲ့အတွက် ပြန့်ကြဲနေတဲ့ အလောင်းများကို ကောက်တာတွေ၊ ဒဏ်ရာရသူတွေကို ရှာဖွယ်ကယ်တင်နေတာတွေကို ဒေသခံတွေက အရေးပေါ် လုပ်ဆောင်နေကြရပါတယ်။

အခုလို လေကြောင်းနဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူများပြားတဲ့အတွက် သေဆုံးရေတွက်နေကြရဆဲလို့လည်း ဒေသခံများထံက သိရပါတယ်။