မိုးကုတ် - ပြင်ဦးလွင် - ကျောက်မဲ ဆက်သွယ်ထားတဲ့ လမ်းပိုင်းပေါ်က လယ်ကြီးစစ်ဆေးရေးစခန်း နဲ့ ရဲဂိတ်တို့ကို KIA ပူးပေါင်းတပ်များက တိုက်ခို က်သိမ်းပိုက်တဲ့အခါမှာ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
KIA အပါအဝင် KPDF လို့ခေါ်တဲ့ ကချင် ဒေသ PDF နဲ့ ABSDF တို့ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုများက ၂၀၂၃ခုနှစ် ဧပြီလ(၇)ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်က တပ်သားများ သေဆုံးဒဏ်ရာ ရရှိသူများရှိကြသလို သူတို့ရဲ့ ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့ကြခြင်း ဖြစ်ပါတယ်။
အဲ့လို တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကိုလည်း အောက်ညောင်ကုန်းရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်လိုက်သေးတယ်လို့ KPDF က သတင်းထုတ်ပြန်ထားပါတယ်။