ရေး - မော်လမြိုင် ကားလမ်းရှိ တံတားစောင့် စစ်ကောင်စီတပ်သားများကို ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်

 

မွန်ပြည်နယ်၊ ရေး - မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ နှင်းစုံကျေးရွာထိပ်မှ မြစ်ကူးတံတားပေါ်တွင် တပ်ထိုင်ထားသော အာဏာ သိမ်းစစ်‌ကောင်စီတပ်သားများ၊ GE တပ်သားများကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့က ဒရုန်းနှင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Ye Special Tasks Force-YSTF က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများနှင့် တံတားဆောက်နေသည့် GE တပ်သားများကို YSTF တပ်ဖွဲ့နှင့် Southern Win group တပ်ဖွဲ့ဝင်များက ဗုံးသီးချတိုက် ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသူရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မြေပြင်တွင်လည်း နာရီဝက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်နာရီကျော်ကြာ လမ်းပိတ်ထားခဲ့ကြောင်း သိရသည်။