ဇန်နဝါရီ 7, 2023
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင်းရှိ ဖောင်းကတာကျေးရွာတွင် နေအိမ်(၈၀)ဝန်းကျင်ကို အာဏာသိမ်းစစ်အုပ်စုက မီးရှို့ ဖျက်ဆီးသွားကြောင်းသိရသည်။
ဖောင်းကတာကျေးရွာကို အာဏာသိမ်းစစ်အုပ်စုဘက်က စုပေါင်း အင်အား(၁၀၀)ဝန်းကျင်ဖြင့် ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၆)ရက်နေ့ ညနေပိုင်းက ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ယနေ့ ဇန်ဝါရီလ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။
( ဖော်ပြပါ ဗီဒီယိုမှတ်တမ်းမှာ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည့် ဗီဒီယိုမှတ်တမ်းဖြစ်သည်။ )
Video: မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး