စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၏ ညနေပိုင်းက မြိုင်မြို့နယ်အနောက်ဖက်နှင့် မြောက်ဖက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များကို အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရကာ သေဆုံးသူရှိနိုင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ကလည်း မြိုင် ပကဖ တပ်ရင်း(၁)သည် ပခုက္ကူမြို့နယ်၊ ကန်တော်စာသင်ကျောင်းရှေ့ လမ်းသွား လမ်းလာများအား စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ ရှိခဲ့ကြောင်း သိရသည်။
Video: မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့