ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မယ်ခေါင်ဘုန်းကြီးကျောင်းဝန်းကျင်တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ ည(၉)နာရီ ဝန်းကျင်က ကားနှင့်ဆိုင်ကယ် မတော်တဆ ထိတွေ့မှုဖြစ်ပြီး ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက ရဲကဟုဆိုကာ သေနတ်ဖြင့် ထုတ်ချိန်ပြီး ပြောဆိုနေသည့် ဗီဒီယိုမှတ်တမ်းတစ်ခုကို ထိုင်း Facebook Group တွင် အချင်းချင်း သတိထားကြရန် အသိပေးသည့်အနေဖြင့် မျှဝေထားကြသည်ကို တွေ့ရသည်။
"မယ်ခေါင်ဘုန်းကြီးကျောင်းရှေ့မှာ ဆိုင်ကယ်နဲ့ငြိလို့ သေနတ်နဲ့ထုတ်ချိန်တာ။ နောက်ဆိုင်ကယ်တစီးကိုလဲ သူ့ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ထပ်ချိန်တယ်"ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက Tachileik News Agency ကို ပြောပြသည်။
ယခု ဗီဒီယိုမှတ်တမ်းကို ထိုင်း Facebook Group တွင် ပြန်လည်မျှဝေခြင်းမှာ အဓိက အားဖြင့် သတိထားကြရန် အသိပေးခြင်း ဖြစ်ကြောင်း သိရသည်။