မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ နဲ့ မယ်ဆိုင်မြို့အကြားရှိ မဲဆိုင်ချောင်းရေဟာ ဒီနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ အကူးပိုင်းအချိန်က နံနက်အစောပိုင်းအထိ ရေကြီးရေလျှုံမှု ဖြစ်ပြီး မြို့တွင်းအထိ ရေများလျှုံမှုကြောင့် ကားများ ရေထဲ မျောတဲ့အထိ ဖြစ်ပွားနေပါတယ်။
မယ်ဆိုင်ချောင်းရေရဲ့ ရေစီးသန်မှုကြောင့် တာလော့ရပ်ကွက် ကမ်းနားလမ်းမှာ ရပ်ထားတဲ့ ကား(၂)စီးလည်း ရေစီးနဲ့အတူ မျောသွားသလို တာလော့ဈေးရဲ့ အလယ်လမ်းမကြီးမှာ ရပ်ထားတဲ့ ကားတစ်စီးလည်း ရေထဲ မျောနေတာကို အခုလို တွေ့ရပါတယ်။
အဓိကအားဖြင့်ကတော့ မယ်ဆိုင်ချောင်းနဲ့နီးတဲ့ ဆန်ဆိုင်းဈေး၊ တာလော့ဈေး နဲ့ ပုန်းထွန်ရပ်ကွက် အပါအဝင် မေဖလားဝါးကွင်း နဲ့ မယ်ခေါင်ရပ်ကွက်တို့မှ ရေကြီးရေလျှံမှုတွေ ဖြစ်လို့ မီးတွေလည်း ပျက်နေပြီး နေအိမ်အတွင်း ပစ္စည်းများ ရွှေ့ပြောင်းမှုတွေကို ခက်ခက်ခဲခဲ လုပ်နေကြရတယ်လို့လည်း သိရပါတယ်။
အဲ့ဒီလိုပဲ အချို့နေရာတွေမှာလည်း မီးသတ်တပ်ဖွဲ့ နဲ့ ကြက်ခြေနီနဲ့ လူမှုရေးအသင်းအဖွဲ့တွေကလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။