တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စုအတွင်း ပခပ်ရွာအနီးတွင် ယနေ့စက်တင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေကြောင်း Dawei Defense Team - DDT က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းနှင့် ကားတန်းကို Dawei Defense Team - DDT (ထားဝယ်-ပကဖ) ၊ Kaw Thoo Lei Army ရဲဘော်များ ပူးပေါင်းစစ်ကြောင်းတို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုသည် တစ်နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၀)ဦးထက် မနည်းသေကာ အများအပြားဒဏ်ရာရရှိခဲ့သဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်၍ ဒေသကာ ကွယ်ရေးတပ် ရဲဘော်များ ထိခိုက်ကျဆုံးမှု ဆုတ်ခွါခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Video: Dawei Defense Team - DDT