ကရင်နီ(ကယား)ပြည်နယ်အတွင်း၊ ဖရူဆိုမြို့ရှိ ဖရူဆိုမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော အာဏာသိမ်းစစ်ကောင်စီတပ်သားတစ်ဦး တပ်မှ ထွက်ပြေးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးရမိခဲ့ကြောင်း ဒီးမော့ဆို PDF က ယနေ့ မေလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
စစ်ကောင်စီတပ်၏ ခမရ(၄၂၈)တပ်မှ အသက်(၂၅)နှစ်အရွယ် တတ-၁၂၇၅၅၀ တပ်သား မျိုးဝင်း အသက်(၂၅)နှစ်သည် တပ်မှထွက်ပြေးလာစဉ် နယ်မြေရှင်း လင်းရေးလုပ်ဆောင်နေသည့် ဒီးမော့ဆို PDF တပ်ဖွဲ့ ဗျူဟာ(၃)မှ C၊ D၊ E တပ်ရင်းတပ်ခွဲနှင့် အလယ်ပိုင်းတိုင်း ၁၀၁၂ တပ်ရင်းတို့က မေလ(၁)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တပ်သားမျိုးဝင်းသည် စစ်ကောင်စီတပ်ထဲတွင် (၁)နှစ် ကျော်ထိတာဝန်ထမ်းဆောင်ခဲ့ပြီး အထက်အရာရှိ၏ ညှဥ်းပန်းနှိပ်စက်ဒဏ်မခံနိုင်မှုကြောင့် ဧပြီလ(၃၀)ရက်တွင် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးရမိခဲ့သော တပ်သားမျိုးဝင်းအား မိမိပြည်သူ့ကာကွယ် ရေးတပ်-ဒီး မော့ဆို (DMO-PDF)မှကောင်းမွန်စွာ ထိန်းသိမ်းထားလျှက်ရှိပြီး စစ်ဆေးမေးမြန်းပြီးရင် ပြည်သူ့ရင်ခွင်ထံသို့ ဆက် လက်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: ဒီးမော့ဆို PDF