စစ်အုပ်စုထုတ်ကုန်တွေကို ဆက်လက် Boycott လုပ်ဖို့ တိုက်တွန်း

 စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ထုတ်ကုန်ဖြစ်တဲ့ ဘီယာများကိုသယ်ဆောင်လာတာတွေ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးပြီး အခုလို ဖျက်ဆီးလိုက်ကြောင်း ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ခုနှစ် ဧပြီလ(၂၈)ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ထုတ်ကုန်များကို ပြည်သူများအနေနဲ့  အသုံးမပြုဘဲ Boycott လုပ်ကြဖို့ နဲ့ Boycott မလုပ်ဘဲ ဆက်လက် သုံးစွဲနေရင်တော့  အခုလိုမျိုးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆားလင်းကြီး PDF က အသိပေးထားပါတယ်။

နိုင်ငံအတွင်း စစ်အာဏာရှင်ကို ကျဆုံးရေးအတွက် လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ စစ်သည်တော်များက အာဏာသိမ်းစစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို ပြည်သူများအနေနဲ့  ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ဖို့ သတိပေးထုတ်ပြန်ထားကြပါတယ်။

#TachileikNewsAgency

Video: Salingyi G-Z Local PDF