အခွန်ကောက်၊ နေအိမ်ဖယ်ရှား ရှင်းလင်းရေးလုပ်နေသည့် ဒေါပုံ စည်ပင်၏ ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်စည်ပင်ရုံးကို ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ဖောက်ခွဲတိုက်ခိုက်မှုလုပ်ဆောင်ကြောင်း God's Hand Forces - GHF က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို God's Hand Forces - GHF က The Owl နှင့်ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းအဖွဲ့၏ ယန္တရားများလည်ပတ်ရေးအတွက် ခက်ခဲကြပ်တည်းနေသည့် ပြည်သူများထံမှ အခွန်ငွေကြေးကောက်ခံပေးနေခြင်း၊ အာဏာသိမ်းစစ်ကောင်စီက အများပြည်သူနေအိမ်များအား ဖယ်ရှားရှင်းလင်းစေခြင်းများကို အကောင်အထည်ဖေါ်ပေးနေခြင်းတို့ကြောင့် စည်ပင်သာယာရေးဌာနအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများကြောင့် အများပြည်သူထိခိုက်မှု မရှိစေရေးအတွက် အာဏာသိမ်းစစ်ကောင်စီတပ်၊ ရဲ၊ ရုံးဌာနများနှင့် နီးနီးကပ်ကပ်မနေကြရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။

 

Video:  God's Hand Forces - GHF