ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ ကာလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့ ကရင်မလင်နန်းတော်အနီးရှိ ရင်ပြင်မှာ သတင်းမီဒီယာကို ဖြေကြားနေတဲ့ အမျိုးသမီး(၂)ဦးကို ရုရှားရဲများက လာရောက်ဖမ်းဆီးသွားပါတယ်။
သူတို့ပြောဆိုတဲ့ စကားလုံးများ နဲ့ ကတ်ပြားပေါ်မှာ ရုရှား သမ္မတ ပူတင်ကို ဆန့်ကျင်တဲ့ အသုံးအနှုန်းတွေ မပါဝင်ပေမဲ့လည်း ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြခြင်း ဖြစ်ပါတယ်၊
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ကာလအတွင်း သတင်းအချက်အလက် ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအတွင်း Facebook၊ Instagram နဲ့ Twitter အပြင် အချို့သတင်း Website များကိုပါ ရုရှားအစိုးရက ကန့်သတ်ပိတ်ပင်ထားပါတယ်။
ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားအစိုးရကို ဆန့်ကျင်ဆန္ဒပြနေသူများကိုလည်း မတ်လ(၁၃)ရက်နေ့က ရုရှားရဲများက ဖမ်းဆီးရာမှာ
တနေ့တည်း (၂၅၀)ဦး ဖမ်းဆီးခံခဲ့ရသလို ဒီနေ့အချိန်အထိ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ဖမ်းခံရသူဟာ အနည်းဆုံး (၅၀၀၀)ကျော်ရှိနေပါတယ်။
ရုရှားနိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံလိုပဲ လွတ်လပ်စွာ ပြောဆိုသူများနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို အပြိုင်အဆိုင် ဖမ်းဆီးပြနေသလို ဖြစ်နေပါတယ်။
Video: Activatica