ဖေဖော်ဝါရီ 26, 2022
အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသည့် အရပ်သားပြည်သူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေကြခြင်းဖြစ်သည်။
ယင်းနေ့တွင် အာဏာသိမ်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားသည့် နေရာများကိုသာမက တိုက်ပွဲမရှိသည့် ကျေးရွာအချို့ကိုပါ အာဏာသိမ်းတပ်က လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Video: KNDF BO1