မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပေါက်လမ်းပေါ်ရှိ စည်ပင်ရုံးအား တော်လှန်ရေးအဖွဲ့များက ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့၊ နေ့လယ် (၁၁) နာရီဝန်းကျင်တွင် မိုင်းခွဲ၊ သေနတ်ပစ်ဖောက်၍ သတိပေးခဲ့ကြောင်း Earthquake People's Defence Force - UG က သတင်းထုတ်ပြန်သည်။
၎င်းလုပ်ဆောင်မှုကို Young Force-UG နှင့် Earthquake People's Defence Force - UG တို့က လုပ်ဆောင်ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်ရန်အတွက် အလုပ်လုပ်ပေးနေကြသည့် Non-CDM များအား သတိပေးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရုံး၊ ဌာနဆိုင်ရာများကို ရှောင်ရှားကြရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီအတွက် အလုပ်လုပ်မပေးကြရန် အဆိုပါအဖွဲ့များက သတိပေးသည်ဟု ထုတ်ပြန်ထားသည်။
Video: Earthquake People's Defence Force - UG