အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အမြောက်တပ်ကို PDF (၉)ဖွဲ့က  (၇ဝ) မမ  နှင့် ရှော့တိုက်ဒုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်

 အာဏာသိမ်းစစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အရာတော်မြို့  နယ်မြေခံတပ် အမှတ်(၃၆၉)အမြောက်တပ်အတွင်းသို့ လက်လုပ် (၇ဝ) မမ တစ်လုံးနှင့် ရှော့တိုက်ဒုံးတစ်လုံးဖြင့် ဖေဖော်ဝါရီလ(၂၂)ရက်က  PDF (၉)ဖွဲ့ပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Ayadaw Bone Naing PDF - A.B.N PDF က ယနေ့ဖေဖော်ဝါရီလ(၂၃)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 

ယင်းပစ်ခတ်မှုကြောင့် တပ်တွင်းထိခိုက်မှု အခြေနေကို အတိအကျ မသိရ‌သေးပေး။

၎င်းစစ်ဆင်ရေးကို  Ayadaw Bone Naing PDF - A.B.N PDF ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ ၊ People’s Guerrillas Commando-(PGC)၊ Myin Mu Lightning Guerrilla Force တို့မှ ဦးဆောင်၍ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင် (၉) ဖွဲ့တို့မှ  လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရာတော်မြို့နယ်၊ ၃၆၉ တပ်(သစ်ကျင်းကြီးတပ်)အတွင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၈)ရက်ကလည်း အဝေးပစ်လက်နက်ကြီး (၃)လုံးဖြင့် ဒေသခံ PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency 

Video: A.B.N PDF