ရခိုင်ပြည်နယ်အတွင်း မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာအနီး ရက္ခိုင့်တပ်တော်(AA)နှင့်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့က တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် (၇)ဦးသေဆုံးကြောင်း သိရသည်။
သေဆုံးသူများမှာ ကြည်း ၃၉၆၃၈ ဗိုလ်မှူး မြင့်ဆွေဝင်း၊ တ-၆၆၃၀၆၂ တပ်ကြပ်ကြီး အောင်မြင့်ဆွေ၊ တ- ၁၀၄၃၇၇ တပ်ကြပ်သန်းထွေး ၊ တ- ၃၇၄၅၇၂ တပ်ကြပ်ယာဉ်မြင့်၊ ကိုယ်ပိုင်နံပါတ် တ-၃၉၂၃၉ ဒုတပ်ကြပ် ဘတင်၊ တ-၅၁၃၈၈၈ တပ်သား ထိန်လင်းအောင်၊ တ-၅၁၃၁၄၇ တပ်သား အောင်အောင်တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့ ည (၁၁)နာရီခွဲခန့်တွင် သေဆုံးခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်၏ အမိန့် ပြန်တမ်းအရ သိရသည်။
ရခိုင်ပြည်နယ်တွင် တစ်နှစ်ကျော်ကြာ အပစ်ရပ်နေခဲ့ရာမှ ဖေဖော်ဝါရီလ(၄)ရက်မှစတင်ကာ အာဏာသိမ်းစစ်ကောင်စီတပ်များသည် AA တပ်ဖွဲ့ရှိသည့်နေရာသို့ ဝင်ရောက်ပစ်ခတ်လာခြင်းကြောင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။