ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် နယ်မြေစိုးမိုးရေးလုပ်ဆောင်နေသည့်  Pale Jokers အဖွဲ့က  ရဲတပ်သားတစ်ဦးကို အရှင်ဖမ်းမိ

ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် နယ်မြေစိုးမိုးရေးလုပ်ဆောင်နေသည့် Pale Jokers အဖွဲ့ခွဲ(၁)မှ ဗိုလ်မဲလုံးဦးဆောင်သော အဖွဲ့က စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦးကို အရှင်ဖမ်းမိကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အရှင်ဖမ်းမိသည့်  လက်အောက်ခံ ရဲတပ်သားတစ်ဦးမှာ ကိုယ်ပိုင်အမှတ် လ၂၈၄၆၀၉ ရဲတပ်သား မျိုးသီဟထွန်း ဖြစ်ပြီး ၎င်းသည် ရန်ကုန်တွင် တာဝန်ကျရကနေ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ကျသူဖြစ်ပြီး ပခုက္ကူကနေ လာစဉ် ယခုလို ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။ 

အာဏာသိမ်း စစ်ကောင်စီ၏ စစ်သား နှင့် ရဲများသည် ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ဖမ်းဆီးရမိပါက ညှင်းပမ်းနှိပ်စက်မှုများ အပြင် သတ်ဖြတ်ခြင်းများပါ လုပ်ဆောင်လေ့ရှိသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီ လက်အောက်ခံများကို ဖမ်းဆီးရမိပါက ကောင်းကောင်းမွန်မွန်ဆက်ဆံထားရှိသည်ဟု သိရသည်။

[ ဖော်ပြပါ ဗီဒီယိုမှတ်တမ်းသည် Pale Jokers  အဖွဲ့က ရိုက်ကူးထုတ်ပြန်ထားသည့် မှတ်တမ်းဗီဒီယိုဖြစ်သည် ]





Video: Pale Jokers