တာချီလိတ်မြို့၏   စစ်ကောင်စီ ထောက်ခံပွဲအတွင်း စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်  လက်နက်ကိုင်ပြီး ပေါ်ပေါ်ထင်ထင် လိုက်ပါဝန်းရံခဲ့

တာချီလိတ်မြို့၏ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လည်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးကွဲမှု မဖြစ်ပွားမီ စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့် သေနတ်များ ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်ကာ လမ်းတလျှောက် ထောက်ခံသူများအကြား ရောနှောလိုက်ပါလာသည်ကို ဗီဒီယို မှတ်တမ်းအရ တွေ့ရသည်။

အရပ်ဝတ်များဖြင့် ယခုလို လိုက်ပါပြီးနောက် နေ့လည်(၁၂)နာရီကျော်တွင် ဗုံးပေါက်ကွဲမှု နှင့်အတူ ၎င်းတို့၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲသို့ တက်ရောက်လာသူများထဲက (၂)ဦး သေဆုံးကာ (၆)ဦး ဒဏ်ရာပြင်းထန်ပြီး (၃၅)ဦးကျော် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများတွင်  တာလေတပ်နယ်၏ အမှတ်(၅၇၁) ခြေမြန်တပ်ရင်းမှ တပ်သား(၁)ဦး အပါအဝင် တာချီလိတ်တပ်နယ်မှ အမှတ်(၃၃၁)ခြေမြန်တပ်ရင်းအတွင်း နေထိုင်သည့် တပ်မိသားစုများအပြင် စစ်မှုထမ်းဟောင်းများ၊ အခြားရွာမှ ခေါ်ယူထားသည့် ထောက်ခံသူများ ပါဝင်ကြောင်း သိရသည်။

-ဆက်စပ်သတင်း -

တာချီလိတ်မြို့တွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဖောက်ခွဲ ပစ်ခတ်မှုကြောင့် (၂)ဦးသေကာ စစ်သား(၁)ဦးနှင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ဒဏ်ရာရ