"ပြည်တော်ဝင်ဖို့ ရုန်းကြစို့"ဆိုတဲ့ အဓိပ္ပာယ်  တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဘာကြောင့် လုပ်တာလဲ ဆိုတာ 

"ပြည်တော်ဝင်ဖို့ ရုန်းကြစို့"ဆိုတဲ့ အဓိပ္ပာယ် 

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဘာကြောင့် လုပ်တာလဲ ဆိုတာ 



နိုင်ငံ့အာဏာသိမ်းခံရမှု (၁)နှစ် တိတိပြည့်မည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ( ၁ )ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းထားမှုကို လက်မခံကြောင်း ပြသမှုအတွက် "ပြည်တော်ဝင်ဖို့ ရုန်းကြစို့" တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) အကြောင်းကို  ကိုလင်းထက်ဇော် (ထား၀ယ်၊ လောင်းလုံမြိုသပိတ်စစ်ကြောင်း)၊ မင်းဟိန်းခန့် (တောင်ဒဂုံမြိုနယ် သပိတ်စစ်ကြောင်း) နှင့်  Nသျှားစစ်ဇော် ( LGBT Alliance ရန်ကုန်သပိတ်စစ်ကြောင်း)တို့ကို ရှင်းပြထားပါတယ်။



၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီက စပြီး ညနေ(၄)နာရီအထိ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး အပြင်မထွက်၊ တိတ်ဆိတ်ခြင်းဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်းပြသပေးကြရန် နှင့် တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားသည့်အချိန် ညနေ ၄ နာရီ တိတိတွင် ပြည်သူများအားလုံး လက်ခုပ်တီးကြရန်လည်း တိုက်တွန်းထားရှိသည်။