နိုင်ငံ့အာဏာသိမ်းခံရမှု (၁)နှစ် တိတိပြည့်မည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ( ၁ )ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းထားမှုကို လက်မခံကြောင်း အပမ်းမကြီးစေတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)ကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်နိုင်ဖို့ ကိုနဂါး(ဒီပဲယင်းသပိတ်စစ်ကြောင်း)က တိုက်တွန်းနှိုးဆော်လိုက်သည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီက စပြီး ညနေ(၄)နာရီအထိ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး အပြင်မထွက်၊ တိတ်ဆိတ်ခြင်းဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်းပြသပေးကြရန် နှင့် တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားသည့်အချိန် ညနေ ၄ နာရီ တိတိတွင် ပြည်သူများအားလုံး လက်ခုပ်တီးကြရန်လည်း တိုက်တွန်းထားရှိသည်။