တစ်နေ့တာ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို  ပြည်သူအားလုံး ဘာကြောင့် ပါဝင်သင့်လဲ 

နိုင်ငံ့အာဏာသိမ်းခံရမှု (၁)နှစ် တိတိပြည့်မည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ( ၁ )ရက်နေ့တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)ကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်နိုင်ဖို့ "တစ်နေ့တာ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို  ပြည်သူအားလုံး ဘာကြောင့် ပါဝင်သင့်လဲ"ဆိုတာကို သိရှိနားလည်စေဖို့ ကိုဝေယံ ( GSCB အဖွဲ့ဝင် (Youth Association Of Thingangyun) )က ပြောပြရင်း တိုက်တွန်းနှိုးဆော်လိုက်သည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီက စပြီး ညနေ(၄)နာရီအထိ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး အပြင်မထွက်၊ တိတ်ဆိတ်ခြင်းဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်းပြသပေးကြရန် နှင့် တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားသည့်အချိန် ညနေ (၄)နာရီ တိတိတွင် ပြည်သူများအားလုံး လက်ခုပ်တီးကြရန်လည်း တိုက်တွန်းထားရှိသည်။