တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် အာဏာရှင်ကို တော်လှန်ဖို့ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ပြည်သူအားလုံး ပါဝင်ဖို့ တိုက်တွန်း

နိုင်ငံ့အာဏာသိမ်းခံရမှု (၁)နှစ် တိတိပြည့်မည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ( ၁ )ရက်နေ့တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)ကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်နိုင်ဖို့ မဖောင်ရိုး (Labour Alliance, ရန်ကုန်သပိတ်အင်အားစုရဲဘော်) က တိုက်တွန်းနှိုးဆော်လိုက်သည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီက စပြီး ညနေ(၄)နာရီအထိ   လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး အပြင်မထွက်၊ တိတ်ဆိတ်ခြင်းဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်းပြသပေးကြရန် နှင့် တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားသည့်အချိန်  ညနေ ၄ နာရီ တိတိတွင် ပြည်သူများအားလုံး လက်ခုပ်တီးကြရန်လည်း တိုက်တွန်းထားရှိသည်။