ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့ ညနေ (၅)နာရီ (၄၅) မိနစ်အချိန်ထိ လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်မှု (၅) ကြိမ်ပြုလုပ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြောင်း သိရသည်။
လွိုင်ကော်မြို့ပေါ်တွင် ယနေ့ အချိန်ထိ အရပ်သားပြည်သူများ ရှိနေဆဲဖြစ်ပြီး အချို့နေရာများတွင် ဖုန်းလိုင်းဆက်သွယ်ရေး ပြတ်တောက်နေသည်ဟု သိရသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေးအတွက် အများပြည်သူ အကူအညီဖြင့် တော်လှန်ရေးလုပ်နေကြသည့် ဗော်လံတီယာတပ်ဖွဲ့များဖြစ်ကြ၍ နိုင်ငံ့ဘဏ္ဍာကို သုံးစွဲနေသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်ကို တွန်းလှန်ရန် အကူအညီများစွာ လိုအပ်နေ၍ ပြည်သူများ တတ်နိုင်သည့်ဘက်က ကူညီပေးကြရန် တိုက်တွန်းထားကြသည်ကို တွေ့ရသည်။
Video: Roselin Ei