အာဏာသိမ်းစစ်တပ်၏  အကြမ်းဖက်မှုများကို လက်မခံနိုင်လို့   ခိုလှုံလာတဲ့ တပ်သားတစ်ဦး 

"ပြည်သူ့ဆန်စားပြီး ပြည်သူတွေကို သတ်ဖြတ်တာ၊ မတရား အဓမ္မအနိုင်ကျင့်တာ ကျွန်တော့် မျက်စိရှေ့မှာ လုပ်တာဖြစ်တဲ့အတွက်ကြောင့် မခံနိုင်တော့လို့ ပြည်သူ့ဘက်က ရပ်တည်ချင်လို့ ပြည်သူ့သားကောင်းတစ်ယောက်ဖြစ်ချင်လို့ လက်နက်နဲ့ရှေ့တန်းစစ်မြေပြင်မှာ CDM လုပ်ဆောင်ခဲ့တာ" တပ်သားအေးမိုးအောင်

အာဏာသိမ်းစစ်တပ်၏ နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက် အမှတ်(၄၁၁)ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ-၅၃၃၇၄၈ တပ်သားအေးမိုးအောင်သည် အာဏာသိမ်းစစ်တပ်၏  အကြမ်းဖက်မှုများကို လက်မခံနိုင်၍ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လွတ်မြောက်နယ်မြေသို့ ရောက်ရှိကာ ပူးပေါင်းလာပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် ပူးပေါင်းပါဝင်တိုက်ပွဲဝင်သွားမည့် အကြောင်း ပြန်လည်ပြောပြထားသည်ကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင် ဖော်ပြလာသည်။

လက်ရှိတွင် CDM ပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းများပေးလျှက်ရှိသည့်အတွက် ပြည်သူ့ရင်ခွင်သို့ ခိုလှုံချင်သော စစ်သားများကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လွတ်မြောက်နယ်မြေက ဖိတ်ခေါ်ထားရှိသည်။