COVID 19 ကာကွယ်ရေး အပါအဝင် နွေဦးတော်လှန်ရေး ကျန်းမာရေးကဏ္ဍ အတွက် ပါဝင်လှူဒါန်းသူများကို NUG ဖိတ်ခေါ်
ဇန်နဝါရီ 4, 2022
အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများ COVID 19 ကာကွယ်ဆေးထိုးရန် အပါအဝင် နွေဦးတော်လှန်ရေးကျန်းမာရေးကဏ္ဍအတွက် ဆောင်ရွက်နေသည့် အခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းပြောကြားပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များကို ဖိတ်ခေါ်လိုက်သည်။
ကျန်းမာရေးကဏ္ဍအတွက် ပြည်တွင်းပြည်ပမှ ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် https://moh.nugmyanmar.org/donate/ မှ လည်းကောင်း၊ https://www.myanmar-relief.com/ မှလည်းကောင်း၊ https://www.brighterfutureuk.org/give မှလည်းကောင်း ထည့်ဝင်လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။