ဒီဇင်ဘာ 26, 2021
ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့မရဲစခန်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့၊ KGZတပ်ဖွဲ့တို့က ယမန်နေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ( ၂၅)ရက်နေ့က တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်မှ (၃)ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများရှိပြီး DMO-PDF မှ တပ်ဖွဲ့ဝင်(၂)ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။