အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်ဒေသတွင် တစ်နေ့တာတိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည် ထောင်ချီ ပစ်ခတ်

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသတွင် ဒီဇင်ဘာလ (၁၀) ရက်နေ့ တစ်နေ့တာအတွင်း ကိုးကန့်ဒေသတွင် တစ်နေ့တာအတွင်း ထိုးစစ် (၄)ကြိမ်ဖြင့် တိုက်ခိုက်ပြီး လက်နက်ကြီးကျည် ထောင်ချီပစ်ခတ်တိုက်ခိုက်သည်ဟု ဒေသအခြေစိုက် The Kokang က ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဖေါ်ပြသည်။

အဏာသိမ်းစစ်ကောင်စီတပ်သည် ကိုးကန့် မန်ရန်တပ်စခန်းနှင့် ချင်ချိုင့်ထန်တပ်စခန်းတို့ကို (၄) ကြိမ်တိတိ ထိုးစစ်ဆင်ရာတွင် တပ်ဆုတ်သွားခဲ့ကြရပြီး ပန်ရင်လပ၊ ဟွာချောက်ရှာရှုံးတောင်တို့တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီတပ်က မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်တန်းရှိ MNDAA တပ်စခန်းများကို လက်နက်ကြီးကျည် ထောင်ချီပစ်ခတ်သည်ဟု သိရသည်။